The Invisible life of Addie Larue
- Sai Aung Zaw Oo
- Jan 28, 2023
- 2 min read
ဒီစာအုပ်ကို ၂၀၂၀ခုနှစ် Locus award for best fantasy novelဆုရခဲ့တဲ့ Vicious, Shades of Magic Series အစရှိသဖြင့် ရေးသားခဲ့တဲ့ အမေရိကန်စာရေးဆရာမ V.E. SCHWABကရေးသားခဲ့ပြီး ၂၀၂၀ခုနှစ် အောက်တိုဘာ၆ရက်နေ့မှာ Tor books ကနေပြီးတော့ publishလုပ်ခဲ့တာပါ။ စာအုပ်က စာမျက်နှာ၅၀၀ပါဝင်ပြီးတော့ အပိုင်း၇ပိုင်း ပါပါတယ်။ Genres ကတော့ Fantasy Fiction, Historical Fiction, Historical fantasy ထဲမှာအကျုံးဝင်တယ်လို့ပြောလို့ရပါတယ်။ ဇာတ်လမ်းလေးကတော့ 17th century ကာလကိုနောက်ခံထားပြီး ပြင်သစ်နိုင်ငံ Villion sur sarthe လူနည်းစုသာနေထိုင်တဲ့ ရွာလေးမှာ Adelineဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေက ကုန်တွေကို မြို့ထဲမှာသွားရောင်းတိုင်း သူမဟာ လိုက်သွားလေ့ရှိတယ်။ သူမဟာ လွတ်လပ်မှုကို မြတ်နိုးပြီး အရာရာကို စူးစမ်းလိုစိတ်ရှိတဲ့ ကလေးတစ်ယောက်ပေါ့။တစ်နေ့မှာတော့ အဖေက ခါတိုင်းလိုပဲ မြို့ထဲကိုကုန်သွားရောင်းမဲ့အချိန်မှာ အမေက မလိုက်ခိုင်းဘူး။ Adelineက ကြီးနေပြီဆိုတော့ လှည်းထဲမှာကုန်တွေနဲ့ လူတင်ဖို့မဆံ့တော့ဘူးဆိုပြီး အကြောင်းပြတယ်။ တကယ်က သူမရဲ့အမေက Adelineကို ကြီးလာတဲ့အခါ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်စေချင်တာ။ မြို့ထဲကိုသွားနေမယ့်အစား အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ သိထားသိထိုက်တဲ့အရာတွေကို သင်ယူစေချင်တာကြောင့် Adelineကိုမလိုက်ဖို့ပြောတာပေါ့။ Adelineကလည်း အိမ်ထောင်ပြုရမှာစိတ်မဝင်စားသလို သူမအမေလို အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ဖို့ကိုလည်း စိတ်မဝင်စားဘူးလေ။ သူမစိတ်ဝင်စားတာက မြို့ထဲကိုသွားပြီး မစားဖူးတဲ့အစားအသောက်တွေ၊ သူမ မသိမမြင်ဖူးသေးတဲ့အရာတွေကို စူးစမ်းချင်တာ။ လူနည်းစုသာနေထိုင်တဲ့တောရွာကလေးမှာကြီးပြင်းလာရတာမို့ မြို့ထဲဆိုတာက သူမအတွက်တော့ အံ့ဩမှင်သက်စရာတွေအပြည့်ဖြစ်နေတာပေါ့။ အဲ့လိုနဲ့ သူမအဖေထွက်သွားတော့ ငိုယိုပြီး Esteleကိုသွားရှာတော့တယ်။ Esteleဆိုတာ သူများတွေနတ်ဘုရားအသစ်တွေကို ကိုးကွယ်နေတဲ့အချိန် သူကတော့အရင်ကနတ်ဘုရားဟောင်းတွေကို အယုံအကြည်မပျက် ကိုးကွယ်နေသူပေါ့။ Adelineက Esteleကို နတ်ဘုရားဟောင်းတွေကိုဘယ်လိုဆုတောင်းရလဲလို့မေးတယ်။ အဲ့ခေတ်တုန်းက လူတွေဟာ နတ်ဘုရားတွေအပေါ်မှာ အလွန်ကိုးကွယ်ယုံကြည်ကြပြီး တစ်ချို့နတ်ဘုရားတွေက သူတို့ဆုတောင်းကို ဖြည့်ဆည်းပေးနိုင်တယ်လို့လဲ ယုံကြည်ကြတာမို့လို့ပေါ့။ အဲ့အခါ Esteleက နတ်ဘုရားဟောင်းတွေက လူတွေရဲ့ ဆုတောင်းတွေကိုကြားသော်လည်း ပြန်ဖြေကြားခြင်းမရှိကြောင်း၊ သူတို့က လုပ်ရပ်နဲ့ပဲ လူတွေကို အသိပေးကြောင်းပြောတယ်။ နောက်ပြီး ဆုတောင်းမှုပြုမယ်ဆိုရင် လက်ဆောင်တွေပူဇော်ပသမှုတွေ ပြုပြီးဆုတောင်းရမယ်လို့ပြောပြန်တယ်။ အဲ့လိုနဲ့ Adelineဟာ သူမအဖေနောက်တစ်ကြိမ် မြို့ထဲသွားတဲ့အခါ လိုက်သွားရအောင်လို့ဆိုပြီး နတ်ဘုရားဟောင်းတွေကို ဆုတောင်းမှုပြုဖို့အတွက် သူမတန်ဖိုးထားတဲ့ပစ္စည်းတွေကို မြေကြီးထဲမှာမြုပ်တာ၊ မြစ်တွေထဲမြောတာ အဲ့သလိုနဲ့ နေ့စဥ်နေ့တိုင်း ဆုတောင်းနေခဲ့တာပေါ့။ သူမအသက်၂၃နှစ်ရောက်တဲ့အခါ မိဘတွေက Rogerနဲ့လက်ထပ်ပေးဖို့စီစဥ်ကြတော့တယ်။ Rogerဆိုတာကလည်း တစ်ခုလပ် မုဆိုးဖို၊ သူ့ရဲ့မိန်းမက မီးဖွားရင်းဆုံးသွားပြီး သူနဲ့အတူကလေး၃ယောက်ကျန်ရစ်ခဲ့တာပေါ့။ Adelineကတော့ သူမ သိလည်းမသိ၊ ချစ်လည်းမချစ်တဲ့ ယောကျာ်းတစ်ယောက်ကို လက်မထပ်ချင်တဲ့အတွက်ကြောင့် လက်ထပ်ဖို့ကို သဘောမတူဘူး။ ဒါပေမဲ့ဘယ်လိုပဲ Adeline သဘောမတူပေမယ့်လည်း သူမ မိဘတွေက မဂ်လာပွဲကို အတင်းအကြပ်စီစဥ်တော့တယ်။ မဂ်လာပွဲကျင်းပမယ့် ရက်လည်းရောက်တော့ Adelineရဲ့အမေက သူမကို မဂ်လာပွဲအတွက် ဖီးလိမ်းပြင်ဆင်ပေးနေတုန်း သူမယောကျာ်းRogerအတွက် သူမ လက်ဆောင်လေးတစ်ခုလုပ်ထားတယ်၊ အိမ်ထဲမှာကျန်ခဲ့လို့ပါဆိုပြီး သွားယူမယ်လုပ်တာပေါ့။ ဒီလိုနဲ့ အပြင်ထွက်ထွက်ချင်းမှာပဲ အိမ်ဖက်ကိုမလှည့်ပဲ လယ်ကွင်းတွေဆီ ထွက်ပြေးတော့တယ်။ သူမရဲ့ မိဘတွေ လှမ်းခေါ်ပေမယ့်လည်း လုံးဝလှည့်မကြည့်ပဲ လယ်ကွင်းတွေကိုကျော်ကာ အလင်းရောင်မဲ့စပြုလာပြီဖြစ်တဲ့ သစ်တောတွေဆီ ရောက်သွားတော့တယ်။ နတ်ဘုရားတွေကိုဆုတောင်းဖို့ဆိုရင် သူတို့ကိုပူဇော်တဲ့သကေ်တအဖြစ် ကိုယ်တန်ဖိုးထားရတဲ့အရာတစ်ခုကို ပေးပြီး ဆုတောင်းမှုပြုရတယ်။ ဒါပေမဲ့ Adelineမှာသူမနဲ့အခု အတူရှိနေတာက သူမအဖေပေးထားတဲ့ သစ်သားလက်စွပ်လေးပဲ ကျန်တော့တယ်။ သစ်သားလက်စွပ်လေးနဲ့ဆိုရင် ဆုတောင်းမှုပြုဖို့မလုံလောက်မှန်းသိပေမယ့်လည်း ဘာပဲဖြစ်ဖြစ် Adelineဟာ သူမ မလိုလားတဲ့ မဂ်လာပွဲကြီးကို မကျင်းပချင်တာကြောင့် မှောင်စပြုလာပြီဖြစ်တဲ့ သစ်တောထဲမှာ တစ်ယောက်တည်း ဆုတောင်းနေခဲ့တယ်။ အဲ့လိုနဲ့ Adelineက မထင်မှတ်ပဲ သူမ နာမည်ကိုခေါ်နေတာကြားလိုက်ရတယ်။ နောက်ဆုံးတော့ နတ်ဘုရားတစ်ပါးက သူမရဲ့ဆုတောင်းမှုကိုဖြည့်ဆည်းပေးဖို့ရောက်လာတော့တယ်။ ဒါမဲ့ အဲ့နတ်ဘုရားက သူမမှာ ပေးစရာလက်စွပ်လေးပဲရှိလို့ သူမတောင်းဆိုတာကိုမဖြည့်ဆည်းပေးနိုင်ကြောင်းပြောတယ်။ နောက်ဆုံးတော့ Adelineက သူမရဲ့အသက်ကိုပေးမယ်ပြောတော့ နတ်ဘုရားကလည်း သဘောတူလိုက်တော့တာပေါ့။ Adelineရဲ့ ဆုတောင်းက သူမ လက်မထပ်ချင်သလို သူမရဲ့ဘဝကိုဘယ်သူ့ကိုမှမပေးချင်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးမှာ သူမ မတွေ့ဖူးမမြင်ဖူးတာတွေကို သူမမသေခင်တွေ့ချင်သေးတာရယ်၊ အဲ့တာကြောင့်လည်း သူမက အသက်ရှည်ရှည်လည်းနေချင်တယ်လို့ ဆုတောင်းတယ်။ နတ်ဘုရားကလည်း သူမလက်စွပ်ကိုယူပြီး သူမဘဝကို သူမစိတ်တိုင်းကျဖြတ်သန်းပြီးလို့ ငြီးငွေ့သွားပြီဆိုရင် သူမ ဝိညာဥ်ကို သူ့ဆီအပ်ရမယ်လို့ပြောတယ်။ အဲ့လိုနဲ့ နတ်ဘုရားဟာလည်း အမှောင်ထဲကိုပျောက်ကွယ်သွားပြီး Adeline ကပြေးရင်းလွှားရင်းအားကုန်နေတာကြောင့် သတိလစ်သွားတော့တယ်။ သူမနိုးလာတဲ့အခါ စောနကလို မဂ်လာအခမ်းအနားတွေ၊ လူတွေ၊ သူမရဲ့မိဘတွေပါမရှိတော့ပဲ တိတ်ဆိတ်ငြိမ်သက်နေတာပေါ့။ Adelineကလည်း အိမ်ကိုပြန်လာခဲ့တယ်။ အဲ့ဒီမှာ Adelineသတိထားမိတာက သူမရဲ့မိဘတွေကိုတွေ့တော့ သူမ မိဘတွေက စိမ်းကားတဲ့မျက်လုံးတွေနဲ့ ကြည့်နေပြီး သူမကို ဘယ်သူလဲလို့မေးတယ်။ Adelineဟာတုန်လှုပ်သွားပြီး သူမ မိဘတွေကို ဘယ်လိုပဲပြောပြပြ သူမမိဘတွေဟာ Adelineကို မမှတ်မိကြဘူးလေ။ သူမ သိတဲ့လူတွေအိမ်သွားလည်း ဘယ်သူမှ သူ့ကိုမမှတ်မိကြဘူးတဲ့လေ။ Adelineဟာလည်း ဆောက်တည်ရာမဲ့စွာနဲ့ ရွာရိုးကိုးပေါက်လျှောက်ရင်း နောက်ဆုံးမှာတော့ သူမရဲ့ မွေးရပ်မြေကို စွန့်ခွာပြီး Parisကိုသွားဖို့ဆုံးဖြတ်လိုက်တော့တယ်။
သူမဆုတောင်းခဲ့တဲ့နတ်ဘုရားက သူမကိုဘာတွေလုပ်လိုက်တာလဲ။ လူတွေသူမကို မေ့သွားတာကရော သူမဆုတောင်းတွေအတွက် ပေးရတဲ့ တန်ဖိုးများလား။ သူမဟာ Parisမှာဘာတွေဆက်ဖြစ်မှာလဲ။ လူတွေရဲ့မှတ်ဥာဏ်ထဲမှာတောင်မတည်ရှိနိုင်တဲ့သူမရဲ့ရှင်သန်မှုက အသက်ရှင်နေတယ်လို့တောင်ခေါ်နိုင်ပါဦးမလား။
စတာတွေကိုရင်တထိတ်ထိတ်နဲ့ခံစားဖတ်ရှုရမှာပဲ ဖြစ်ပါတယ်။ နောက်ပြီးဒီnovelထဲမှာ Adelineဟာ လူ့သမိုင်းတွေ၊ စစ်ပွဲတွေ၊ တည်ထွင်ဖန်တီးမှုအသစ်အဆန်းတွေ၊ တစ်ခေတ်နဲ့ တစ်ခေတ်ကြားတိုးတက်ပြောင်းလဲမှု စတာတွေကိုမျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့ရတဲ့ ပထမဆုံးလူသားလို့လဲပြောနိုင်ပါတယ်။
"She can go without food. She can go without heat. But a life without art, without wonder, without beautiful things, she would go mad."
"The old gods may be great, but they are neither kind nor merciful. They are fickle, unsteady as moonlight on water, or shadows in a storm. If you insist on calling them, take heed: be careful what you ask for, be willing to pay the price. And no matter how desperate or dire, never pray to the gods that answer after dark."
Estele Magritte
1642-1719

Comments