Beyond AVA 1750s
- Sai Aung Zaw Oo
- Aug 14, 2023
- 1 min read
ဒါကတော့ AVA season-3 ပေါ့။ ရှေ့က နှစ်အုပ်လိုမျိုးပဲ ကောင်းတယ်။ အတော်လည်း ဝမ်းနည်းဖို့ကောင်းတယ်။
Season-2 မှာ ဟံသာဝတီက အင်းဝကိုစစ်နိုင်သွားပြီနောက် အင်းဝနယ်မြေမှာ ရှိတဲ့ မုဆိုးဖိုရွာရဲ့ အင်အားကတဖြည်းဖြည်း ကြီးမားလာပြီး ဘေးနားကရွာတွေကိုပါ စုစည်းထားနိုင်တဲ့အခါ နိုင်ငံတစ်ခုအနေနဲ့ ထူထောင်ဖို့ဖြစ်လာတယ်။ ကုန်းဘောင်နိုင်ငံတော် ရယ်ဆိုပြီး။ ဟံသာဝတီအနေနဲ့ မုဆိုးဖိုလို သာမန်ရွာလေးကို လျစ်လျူရှုခဲ့မိတာကြောင့်လည်း ပါတာပေါ့။ ဒီလိုနဲ့ ဟံသာဝတီနဲ့ မုဆိုးဖိုရွာ ခေါ် ကုန်းဘောင်နိုင်ငံတော်ကြီးဟာ စစ်ဖြစ်ဖို့ အကြောင်းဖန်လာတော့တယ်။
ရေးတော့သာအရိုးရှင်းလေး။ ဒီ Season မှာက နိုင်ငံခြားနယ်မြေတွေအထိ ရှေးခေတ်က မြန်မာတွေဟာ ဘယ်လောက်ဩဇာရှိတယ်ဆိုတာ မြင်တွေ့နိုင်တယ်။ ဆရာခက်ဇော်ရဲ့ စာအရေးအသားကတော့ ပြောစရာမလိုအောင် ပီပြင်တယ်။ Season-1 မှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ လွီဇာဒီမဲလိုးရဲ့ ရှုထောင့်ကနေ များသောအားဖြင့် ရေးထားပေးမယ့် ဒီ Season မှာက စစ်ရဲ့အကြောင်းကို ပိုအသားပေးရေးထားတယ်။ ဇာတ်လမ်းကောင်းကောင်းမှာ စီးမြောခံစားလိုသူတွေအတွက် ဒီ စာအုပ် series လေးက လုံးဝ ဖတ်သင့်တယ်လို့ မြင်တယ်။ Season-4 ဖတ်ပြီးရင်လည်း review ရေးဖို့ရှိပါတယ်။ မျှော်။

စာမျက်နှာ - ၆၅၅
ပုံနှိပ်တိုက် - ငါတို့စာပေ (NDSP)
စျေးနှုန်း - ၉၅၀၀ ကျပ် (မူလစျေးနှုန်း)
စာရေးသူ - ခက်ဇော်
Let's Review with Sai Rating - 5 out of 5
Comments