top of page

AVA 1740s (Season-2) Book Review

  • Sai Aung Zaw Oo
  • Jul 11, 2023
  • 1 min read

Season-1 ပြီးပြီးချင်း Season-2 ကို ဖတ်ကြည့်ခဲ့တယ်။ Season-1 အတိုင်းပဲ ဖတ်လို့ကောင်းတယ်။ ဒီ season မှာ အင်းဝ နဲ့ ဟံသာဝတီ စစ်မက်ဖြစ်ပွားတာကို အဓိက ရေးသားထားတယ်။ အဲ့တာအပြင် စစ်အတွင်း နန်းတွင်းပဋိပက္ခတွေကိုလည်း ဖတ်ရှုရမှာဖြစ်တယ်။


ဒီ season မှာက တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်တဲ့ အင်းဝဘုရင်က အပျော်အပါးနဲ့သာ အချိန်ကုန်နေတာကြောင့် မတရားမှုနဲ့ လာဘ်စားမှုတွေကြီးစိုးလာတဲ့အခါ လက်အောက်ခံ ဟံသာဝတီက အတိအလင်းပုန်ကန်လိုက်ပြီး စစ်မက်ဖြစ်ပွားရာကနေ စထားပါတယ်။


ဘယ် season က ဘယ် season ထက်ကောင်းတယ်ဆိုတာမျိုးကို မပြောပါရစေပါနဲ့။ ဒီ series တစ်ခုလုံးကိုက ဘယ်လိုဖတ်ဖတ် ဘယ်ချိန်ဖတ်ဖတ် ဖတ်လို့ကောင်းနေတာ။ ဆရာခက်ဇော်ရဲ့ မြန်မာ့သမိုင်းကို အခြေခံပြီး စိတ်ကူးကွန့်မြူးထားပုံက တကယ်မိုက်တယ်။ ဖတ်ရတာအရမ်းလည်း အားရတယ်။ Season-3 ကိုလည်း များမကြာမီ ဖတ်ပြီးတာနဲ့ review ရေးဖို့ရှိပါတယ်။ မျှော်။

ree

စာမျက်နှာ - ၅၂၄


ပုံနှိပ်တိုက် - ငါတို့စာပေ (NDSP)


စျေးနှုန်း - ၉၅၀၀ ကျပ် (မူလစျေးနှုန်း)


စာရေးသူ - ခက်ဇော်


Let's Review with Sai Rating - 4.9 out of 5


Comments


Post: Blog2_Post

Subscribe Form

Thanks for submitting!

09457812450

©2023 by Let's Review with Sai. Proudly created with Wix.com

bottom of page